Connect with us

Local

မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈,၀၀၀ ဖျက်ဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်များ တင်ပို့သည့် ဈေးကွက်ကို ထိခိုက်မှု မရှိဟုဆို

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry Of Commerce )

ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် (၁၈၀၀၀) ကို အိုင်ဗရီကို့စ် အာဏာပိုင်များကစားသုံးရန် မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်များ တင်ပို့သည့် ဈေးကွက်ကို ထိခိုက်မှု မရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဆန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ငွေကြေးအရ နစ်နာမှု မရှိကြောင်း နှင့် ဆန်များ ဖျက်ဆီးခံရခြင်းအပေါ် တာဝန်မရှိကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော်လည်း ဧပြီလ ၁ ရက်မှ ၁၉ ရက်အထိ ပို့ကုန် လိုင်စင် ခွင့်ပြုထားသည့် အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် ၂၇,၉၉၅ တန် ၊ အာရှ နိုင်ငံများသို့ ဆန်တန်ချိန် ၁,၁၉၀ တန် ၊ ဆန်ကွဲ ၁,၁၅၀ တန် ၊ ဥရောပ နိုင်ငံများသို့ ဆန်တန်ချိန် ၁၅,၂၇၁ တန် ၊ ဆန်ကွဲ ၁၉,၀၁၀ တန် တို့ကို ပုံမှန်အတိုင်း ဆက်လက် တင်ပို့ လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများ ပါဝင်သော စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆန်တင်ပို့သည့် ကုမ္ပဏီများ ၊ အရည်အသွေးစစ်ဆေးသည့် Bureau Veritas ကုမ္ပဏီ နှင့် ဆန်ဝယ်ယူသည့် Olam International Co.,Ltd တို့ကို အသေးစိတ် စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့ဆန်များ ဖျက်ဆီးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၃ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည် များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဆန်များ ရောင်းချခဲ့သည့် ပြည်တွင်းကုမ္ပဏီများနှင့် သင်္ဘောတင်မှုတွင် အရည်အသွေး စစ်ဆေးသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့သို့တွေ့ဆုံ ဆွေးနွေးရာတွင် ယင်းဆန်များကို စာချုပ်ပါ အရည်အသွေး အလေးချိန်များအတိုင်း ဆန် တင်ပို့မှု တွင် နှစ်ပေါင်းများစွာအတွေ့အကြုံရှိသည့် ကုမ္ပဏီများမှရောင်းချခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အရည်အသွေး စစ်ဆေးသည့် ကုမ္ပဏီများကလည်း ယင်းဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာ၍ သင်္ဘောတင်ပေးခဲ့ခြင်းဖြစ်ကြောင်း တင်ပြခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ဆန်များ၏ အရည်အသွေးကို တာဝန်ခံနိုင်ကြောင်း နှင့် FOB စနစ်ဖြင့် ဝယ်ယူ ခဲ့သည့် ကုမ္ပဏီအနေဖြင့် သင်္ဘောတင်စဉ်မှ ကုန်ပစ္စည်းချသည့်အချိန်အထိ ၇ လကျော် ကြာမြင့် ခဲ့ခြင်းနှင့် သင်္ဘောတင်ချိန်နှင့် သင်္ဘောပေါ်တွင် ရေငွေ့ဝင်ခြင်းများကြောင့်သာ ဆန်အရည်အသွေး ထိခိုက်မှု ဖြစ်နိုင်ကြောင်း ဆန်များ ရောင်းချခဲ့သည့် ကုမ္ပဏီများ၏ တင်ပြချက်အရ သိရှိရကြောင်း ဖော်ပြထားသည်။

ဆန်ရောင်းချခဲ့သည့် မြန်မာကုမ္ပဏီ (၃) ခုသည် FOB (ရန်ကုန်) စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ FOB စနစ်အရ “ကုန်ရောင်းသူသည် ရောင်းချမည့် ကုန်ပစ္စည်းကို တင်ပို့ ရမည့် သင်္ဘောပေါ်သို့ ရောက်ရှိသည်အထိ တင်ပို့ပေးရန်တာဝန်ရှိပြီး ဝယ်သူသည် ကုန်ပစ္စည်း သင်္ဘောပေါ်သို့ ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်” ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.