Connect with us

Asia

ဂျပန် အမျိုးသမီး တစ်ဦး လက်ဆွဲအိတ် အတွင်း တောက်တဲ့များအား ခိုးထုတ်ရန် ကြံစည်သောကြောင့် မဲလ်ဘုန်း လေဆိပ်၌ အဖမ်းခံရ

ၾသစေတးလ် နိုင်ငံ ဆစ်ဒနီမြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ဂျပန် နိုင်ငံသူ တစ်ဦးသည် ၎င်း၏ လက်ဆွဲအိတ် အတွင်း တောက်တဲ့ ၁၉ ကောင်အား ထည့်၍ သြစတြေးလျ နိုင်ငံ ပြင်ပသို့ခိုးထုတ်ရန် ကြံစည်သောကြောင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် တရားရုံး၌ ယနေ့တွင် အမှု ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

မကြာသေးမီက ဂျပန် နိုင်ငံသားများ ပါဝင်ခဲ့သော အခြား အလားတူ ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သတိပေးမှု အမြင့်ဆုံး ပြုလုပ်ထားသော သြစတြေးလျ နယ်ခြားရဲတပ်ဖွဲ့၏ နိုင်ငံတကာ ကွန်ရက်မှ သတင်းပေးချက် အရ အဆိုပါ အသက် ၂၇ နှစ်ရှိ အမျိုးသမီး တစ်ဦးကို နယ်ခြား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းကလည်း အမျိုးသား နှစ်ဦးက သြစတြေးလျ နိုင်ငံ အတွင်းမှ မိချောင်းများကို ၎င်းတို့၏ လက်ဆွဲအိတ်များ အတွင်းသို့ထည့်၍ ခိုးထုတ်ရန် ကြံစည်မှုကို ဖမ်းမိခဲ့သေးသည်။

“ဒါက ထူးခြားတဲ့ ရလဒ်ပါပဲ။ သြစတြေးလျရဲ့သဘာဝတောရိုင်း တိရိစ္ဆာန်တွေကို ခိုးထုတ်ရန် ကြံစည်သူတွေ အတွက် အဟန့်အတား ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။”ဟု သြစတြေးလျ နယ်ခြားရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးမှူး Graeme Grosse က ပြောကြားခဲ့သည်။

အဆိုပါ တောရိုင်းတိရစ္ဆာန်များအား ခိုးထုတ်ရန် ကြံစည်သူများသည် အပြစ်ရှိကြောင်း တွေ့ရှိပါက အများဆုံး ပြစ်ဒဏ် အဖြစ် ၁၀ နှစ် ထောင်သွင်း အကျဉ်းကျခံရနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.