Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၃၅၉ ဦးအထိတိုးလာကြောင်းရဲတပ်ဖွဲ့မှပြောကြား

ဗုံးပေါက်ကွဲများဖြစ်ပွားပြီးနောက် ရဲဝန်ထမ်းများလုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ဧပြီလ ၂၁ ရက်က နေရာအနှံ့အပြားတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၃၅၉ ဦးအထိတိုးမြင့်လာကြောင်း ရဲတပ်ဖွဲ့ မှ ဧပြီလ ၂၄ ရက်တွင်ပြောသည်။

ထိုပေါက်ကွဲမှုအတွင်းတွင် နိုင်ငံခြား ၃၄ယောက်အထက်သေဆုံးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးကပြောသည်။

ဧပြီလ ၂၄ ရက်နေ့ အစောပိုင်းတွင် ဗုံးပေါက်ကွဲသည့်အကြမ်းဖက်မှုတွင် သံသယရှိသည့် တရားခံ ၁၈ ယောက်နှင့် အထက်ကို အကျဉ်းထောင်သို့ခေါ်ဆောင်လာခဲ့ပြီး၊ ဧပြီလ ၂၁ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများတွင် ပါဝင်ပက်သက်သူများအားလုံးကို ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက်စုံစမ်း၍ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Ruwan Gunasekara ကပြောသည်။

ဧပြီလ ၂၁ ရက်ကစပြီး ယနေ့အထိ သံသယရှိတရားခံ စုစုပေါင်း ၅၁ ဦးအား အချုပ်ထဲတွင် ထိန်းသိမ်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)