မိုဂါဒစ်ရှူး၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံတွင် သြဂုတ် ၅ ရက် က တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး ၈ ဦး ရှိပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့ သတင်းများ အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ပဲခူး တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးစပါး စိုက်ကွင်းများ ရေလွှမ်း ထိခိုက်ခဲ့ ရသဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)တွင် ၅၅,၁၃၂ ဧက နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)တွင် ၅၀,၈၄၃ ဧက ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး...
အာဖဂန်နစ္စတန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Helmand ပြည်နယ် တွင် IED အမျိုးအစား ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ဦးသေဆုံးပြီး အခြားလူ ၁၁ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က သြဂုတ် ၅ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot ခရိုင်ရှိ ကျေးရွာတစ်ခုတွင် သြဂုတ် ၅ ရက် နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားရာ ကလေးငယ် ၈ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က မကြာသေးခင်ကဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလက်စ် မတ်ဒူရို( Nicolas Maduro) အား လုပ်ကြံမှုတွင် အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သြဂုတ် ၅ ရက်တွင် ငြင်းဆိုပြောကြားခဲ့သည်။