Connect with us

Europe

မဲလ်ဘုန်းမြို့ နိုက်ကလပ် သေနတ်ပစ်ခတ်မှုအတွင်း ၄ ဦး ဒဏ်ရာရရှိ

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ နိုက်ကလပ်အပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ နိုက်ကလပ်အပြင်ဘက်တွင် ဧပြီလ ၁၄ ရက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်းနှင့် တိကျသည့် အခြေအနေများအား လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ဖရာရန်ရပ်ကွက် ချာပယ်လမ်းနှင့် မဲလ်ဗန်လမ်းအနီးရှိ နိုက်ကလပ်တစ်ခု အပြင်ဘက်တွင် ဒေသစံတော်ချိန် နံနက် ၃း၂၀ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းအနက် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့မှာ စိုးရိမ်ဖွယ် အခြေအနေရှိနေပြီး အသက် ၅၀ နှစ်အရွယ်နှင့် အသက် ၂၉ နှစ်အရွယ် အမျိုးသားတို့မှာမူ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဖြတ်သန်းသွားလာခြင်းမပြုရန် ရဲတပ်ဖွဲ့က ပြောကြားထားပြီး အခင်းဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းအချက်အလက် သို့မဟုတ် ဗီဒီယို ရိုက်ကူးထားခြင်းရှိပါက တာဝန်ရှိသူထံ ဆက်သွယ်ပေးရန် ပြောကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117