ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၂)ဗောတံတားအနီး၌ ဆီသယ်လှေ အပါအဝင် လှေ ၄ စီး မီးလောင် ဆုံးရှုံးမှု မတ် ၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ခတ္တမန္ဒူ၊ မတ် ၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ဘက်စွန်း ဒါချူလာခရိုင်တွင် ဂျစ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး အခြားသူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စလမ်မာဘတ်၊ နယူးဒေလီ၊ မတ် ၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမှဖမ်းဆီးမိထားသော အိန္ဒိယလေယာဉ်မှူးတစ်ဦးအား ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ လာဟိုမြို့အနီး ဝါဒါနယ်စပ်ဖြတ်ကျော်စခန်းမှတစ်ဆင့် မတ်လ ၁ ရက်ညက အိန္ဒိယနိုင်ငံသို့ပြန်လွှတ် ပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။လိုအပ်သောလွှဲပြောင်းရေးလုပ် ငန်းစဉ်များအားလုံးဆောင်ရွက်အပြီးတွင် ပါကစ္စတန်အာဏာပိုင်များက အိန္ဒိယလေယာဉ်မှူး အက်ဘီ် နန်ဒန် ဗာသာမန်(Abhinandan Varthaman) အားအိန္ဒိယအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း...
ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသည် လာမည့်နှစ်အတွင်း တိုးပွား လာမည့် လူဦးရေများအတွက် နိုင်ငံ၏စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမို တိုးတက် တင်ပို့ ရောင်းချ နိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံ မှ အရှိန်အဟုန် မြှင့်တင် အားပေး ဆောင်ရွက်ကြရမည်...
ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှစ် ၄၀ ပြည့် နိုင်ငံတကာ လှည့်လည်ဓာတ်ပုံပြပွဲ-မြန်မာ ပြပွဲ အား မတ်လ ၁ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ...