Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ တောမီးလောင်ကျွမ်းရာမှ လူ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်မုံရွာ၏ မြို့ဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မဟူကျေးရွာ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ ကနီသစ်တောကြိုးဝိုင်းအနီး ပန်းချီငိုတောတိုက်အတွင်း တောမီးလောင်ကျွမ်း၍ လူ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ကနီမြို့နယ် သစ်တောကြိုးဝိုင်းအနီး၌ မတ် ၃၀ ရက်၌ အမျိုးသား ငါးဦးသည် သစ်ခွပင်ရှာဖွေနေစဉ် တောမီးလောင်ကျွမ်းပြီး ၎င်းတို့ထံ ကူးစက် လောင်ကျွမ်းလာသဖြင့် အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ အတူတက်ခဲ့ကြရာမှ ၎င်းတို့တက်သည့် သစ်ပင်ထိ မီးများ လောင်ကျွမ်းခဲ့ရကြောင်း၊ အဆိုပါ သစ်ပင်ပေါ်မှ ခုန်ချခဲ့သော်လည်း သုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန် နှစ်ဦးသည် မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကနီသစ်တောကြိုးဝိုင်းအနီး ပန်းချီငိုတောတိုက်အတွင်း တောမီးလောင်ကျွမ်း၍ မီးလောင်ဒဏ်ရာများဖြင့် အမျိုးသား(၃)ဦး သေဆုံးသွားကြောင်း သတင်းအရ မတ် ၃၁ရက်၌ မင်းကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို မင်းကင်းမြို့မရဲစခန်း၌ သေမှုသေခင်း ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.