ဆိုးလ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပတ်ဂွမ်ဟေး အား အကျင့်ပျက်ခြစားမှု စွဲချက်များစွာဖြင့် အစိုးရရှေ့နေများက ဧပြီ ၁၇ ရက်တွင် တရားစွဲဆိုခဲ့ပြီး တစ်ဖက်တွင်လည်း Lotte ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ Shin Dongbin ကို လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် သက်တမ်းလွန်အသားများ သို့မဟုတ် သန့်စင်မှုမရှိဘဲ ရောနှောအသားများ ရောင်းချခြင်းတွင် ပါဝင်ခဲ့ကြသော လူ ၆၃ ဦးအား လာဘ်စားမှု စီမံချက် တစ်ရပ်အရ တရားစွဲဆိုနိုင်ခဲ့ကြောင်း ဧပြီလ ၁၆ ရက်တွင် ပြည်ထောင်စု ရဲတပ်ဖွဲ့က ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဧပြီလ ၁၆ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းတွင် ဝင်ရောက်ခဲ့သည့် မာရသာ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကနဦး သတင်းရရှိမှုစာရင်း၏ ပျက်စီးဆုံးရှုံးခဲ့မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ...
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် ဖြစ်သော Tianzhou-1 အား အာကာသအတွင်းသို့ ဧပြီ ၂၀ ရက် မှ ၂၄ရက်ကြား လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့်အာကာသအစီအစဉ်ရုံး၏ ပြောကြားချက်အရ သိရသည်။