Connect with us

North America

အမေရိကန်နိုင်ငံ အရီဇိုးနားတွင် စစ်ရဟတ်ယာဉ်ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ ဦးသေဆုံး

အမေရိကန်မရိန်းတပ်ဖွဲ့ မှ စစ်လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ယူမားမြို့ အနီးတွင် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် လေယာဉ်မှူး ၂ ဦးသေဆုံးခဲ့ကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့လေတပ်စခန်းက မတ် ၃၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုသည် အရီဇိုးနားပြည်နယ် ယူမားမြို့ အနီးတွင် မတ် ၃၀ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ရဟတ်ယာဉ်မှူး ၂ဦးစလုံးသည် လေ့ကျင့်ပျံသန်းမှုတစ်ခု လုပ်ဆောင်နေခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)