Connect with us

Latin America

ပီရူးနိုင်ငံတွင် ဘတ်စ်ကား မီးလောင်မှုကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံး

မီးလောင်ခံရသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လီမာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ မြို့တော် လီမာတွင် မတ်လ ၃၁ ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

Peru21 သတင်းစာနှင့် Andina သတင်းအေဂျင်စီများ အဆိုအရ ခရီးသည်အပြည့်တင်ဆောင်လာသော ခရီးဝေးသွား ဘတ်စ်ကားတစ်စင်းသည် လီမာမြို့မှ ချီကလေယိုမြို့သို့ သွားရောက်စဉ် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်ရခြင်း အကြောင်းရင်းအား မသိရသေးကြောင်း သတင်းများအရ သိရသည်။

ဤဘတ်စ်ကား မီးလောင်မှုမှာ ပီရူးနိုင်ငံတွင် ယခုနှစ်စက၍ ဒုတိယအကြိမ်မြောက် ယာဉ်မတော်တဆမှုဖြစ်ကြောင်း၊ ပထမအကြိမ်မှာ ဇန်နဝါရီလ ၂၅ ရက်က ပီရူးနိုင်ငံ အလယ်ပိုင်းရှိ မြစ်အတွင်းသို့ ခရီးသည်တင် ဘတ်စ်ကား ပြုတ်ကျကာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)