ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမာရသာ (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲ မြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အညို ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်းသည် ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေး အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း...
ရောမ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အသက်အကြီးဆုံးသူဟု လူသိများသော အီတာလျံ အမျိုးသမီး အမ်မာ မိုရန်နို (Emma Morano) သည် အသက် ၁၁၇ နှစ်အရွယ်တွင် အီတလီနိုင်ငံ မြောက်ပိုင်း ၎င်း၏ နေအိမ်တွင် ဧပြီလ ၁၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မာရသာမုန်တိုင်းအရှိန်ကြောင့် ဟိုင်းကြီးကျွန်းမြို့တွင် လေပြင်းများတိုက်ခတ်၊ လူတစ်ဦးသေ၊ နေအိမ်ခုနှစ်လုံး အမိုးပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း မှ ရှီယိုက်လူမျိုးများအား ကယ်ဆယ်ရွှေ့ပြောင်းပေးမည့် ယာဉ်တန်းအား ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေသည် ၁၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု က ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။