Connect with us

Europe

ယူကရိန်းတွင် ဝက်သက်ရောဂါပြန့်ပွားမှုကြောင့် လူ ၁၄ဦးသေ၊ ၃၂,၀၀၀ ကျော်ကူးစက်ခံရ

ယူကရိန်းနိုင်ငံရှိ ဆေးရုံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ တွင် လွန်ခဲ့သည့် ၃လအတွင်း ဝက်သက်ရောဂါပြန့်ပွားမှုကြီးတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး လူ ၃၂,၀၀၀ ကျော် ကူးစက်ခံခဲ့ရကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က မတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတွင် ကလေးငယ် ၁၈,၁၀၉ ဦးအပါအဝင် လူစုစုပေါင်း ၃၂,၉၃၉ ဦး သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာ မှ မတ် ၁၂ရက်အထိ ဝက်သက်ရောဂါကူးစက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

၂၀၁၈ခုနှစ်တွင် ယူကရိန်းနိုင်ငံ တစ်ဝန်း ဝက်သက်ရောဂါဖြစ်ပွားမှု ၃၅,၁၂၀ ခု ရှိခဲ့ပြီး ၂၀၁၇ခုနှစ်တွင် ဖြစ်ပွားမှု ၄,၇၈၂ ခု ရှိခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ၏ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ပြောကြားချက်အရ ယင်းဖြစ်စဉ်ကို ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဝက်သက်ရောဂါဖြစ်ပွားမှုတစ်ခု အဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။

ဝက်သက်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၇ခုနှစ် မှ စ၍ ယူကရိန်းနိုင်ငံ၌ ခန့်မှန်းလူဦးရေ စုစုပေါင်း ၃၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက အဆိုပါရောဂါပြန့်ပွားရခြင်းသည် ကာကွယ်ဆေးထိုးနှံမှု အားနည်းခြင်းကြောင်းဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့သည်။

ဝက်သက်ရောဂါသည် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး နှာချေချောင်းဆိုးခြင်း နှင့် ထိတွေ့မိခြင်းတို့ဖြင့် ကူးစက်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.