နစ်ရှ်နီနော့ဖ်ဂရက်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က နောက်လာမည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပြောကြားခဲ့သည်။ သမ္မတပူတင်က နစ်ရှ်နီနော့ဖ်ဂရက်မြို့တွင်ကျင်းပသော မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင်ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်သည်။(Xinhua)
ဘဂ္ဂဒက် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ IS အစွန်းရောက် အဖွဲ့အစည်း က ၎င်းတို့ ထိန်းချုပ် ထားသည့် အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Jowzjan ပြည်နယ်ရှိ ဒေသ အချို့...
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့ ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၁၁၃)နှင့် (၁၁၃ / ၁) အကြားရှိ သံတံတားအမှတ် (၇/၁၁၂) ၏ ထိပ်သံဘောင်အောက်တွင် မိုင်းဟုယူဆရသည့် ပစ္စည်းနှစ်ခုတွေ့ရှိသဖြင့် တပ်မတော်က မိုင်းရှင်းလင်းရေးပြုလုပ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) သည် လှည်းကူးမြို့နယ်ရှိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ(လိုင်းဆေးများ) ရောင်းချသော ဆေးဆိုင်များကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်းTamil Naduပြည်နယ် တွင် ယာဉ်မတော်တဆမှုကြောင့် အနည်းဆုံး လူ၉ဦးသေဆုံးပြီး အခြားလူ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။