Connect with us

Culture

“အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲ ရန်ကုန်မြို့၌ ကျင်းပ


ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

မြန်မာ နှင့် တရုတ် လူငယ်များ ပူးပေါင်း ဆောင်ရွက် ဖန်တီးထားသည့် “အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲအား ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Tian Shanting က ယခုကဲ့သို့ မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ အတူတကွ ပူးပေါင်း လုပ်ဆောင်သော သင်တန်းများမှ တဆင့် နှစ်နိုင်ငံ ပေါက်ဖော် ချစ်ကြည်ရေး အတွက် အကျိုးကျေးဇူးများ ရရှိစေပြီး မြန်မာ့ စီးပွားရေး တိုးတက်စေရေး ၊ ပြည်သူပြည်သားများ ပျော်ရွှင် သာယာစေရေး ၊ နိုင်ငံတော် တောင့်တင်းစေရေး တို့အတွက် အင်အားများ ဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း မှတ်တမ်း ရုပ်ရှင်ပြပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Tian Shanting က ပြောကြားနေစဉ်(ဆင်ဟွာ)

ယခုအခမ်းအနားမှာ ယူနန်တက္ကသိုလ် သတင်းအတတ်ပညာကောလိပ် (တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံတကာ ဆက်ဆံရေး ကောလိပ်) ၊ မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ်တိုက်နှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာတို့ အတူတကွ ကြီးမှူးကျင်းပသော မြန်မာနှင့်တရုတ်လူငယ်များ မှတ်တမ်းရုပ်ရှင် ပူးပေါင်းထုတ်လုပ်ရိုက်ကူးသော လက်တွေ့လှုပ်ရှားမှု တစ်ရပ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးအောင်နိုင်မြင့် က ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးအောင်နိုင်မြင့် က “ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံတို့ဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဘက်ပေါင်းစုံက အစဉ်မပြတ် နက်ရှိုင်းစွာ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ဒီကနေ့ကျင်းပတဲ့ Future Communicator ပရောဂျက် ဟာလည်း ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ၊ ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောကြားနေစဉ်(ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ၊ ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ယခု ရိုက်ကူးထားသည့် ယူနန် ပြည်နယ် နှင့် ပတ်သက်သည့် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားများကို မြန်မာ ပရိသတ်များ ကြည့်ရှုရင်း တရုတ် နိုင်ငံ ယူနန် ပြည်နယ်၏ ရေမြေ တောတောင် သဘာ၀ ၊ လူနေမှု ဘဝများ ၊ ယဉ်ကျေးမှု ၊ ဖွံ့ဖြိုး တိုးတက်မှုများ ၊ တီထွင် ဆန်းသစ်မှုများကို တွေ့မြင် ခံစားကြရမည် ဖြစ်ကြောင်း ၊ ယူနန် ဒေသ အကြောင်း ရိုက်ကူး သကဲ့သို့မြန်မာ လူငယ်များ နှင့် ယူနန် တက္ကသိုလ် သတင်း အတတ်ပညာ ကောလိပ် ကျောင်းသူ ၊ ကျောင်းသားများ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ လာရောက် ရိုက်ကူးရန် ဖိတ်ခေါ်လိုကြောင်း ၊ လာရောက် ရိုက်ကူးမည် ဆိုပါက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူနန် တက္ကသိုလ် သတင်း အတတ်ပညာကောလိပ် ဒုတိယ ဥက္ကဋ္ဌ Ms.Shan Xiaohong က ပြောကြားနေစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် မြန်မာ လူငယ် ၉ ဦးနှင့် ယူနန် တက္ကသိုလ် သတင်း အတတ်ပညာ ကောလိပ် ကျောင်းသူ ကျောင်းသားများ အတူတကွပူးပေါင်းပြီး “ယူနန်ဒေသအလှ” ၊ “ယူနန်ဒေသရောက် မြန်မာ လူငယ်များ”၊ “ယူနန်ဒေသတွင် သက်ဝင်ရှင်သန်နေသောသစ်ပင်များ” ၊ “အမြင်အာရုံထဲမှ နည်းပညာ”၊ “သီးပွင့် ဖွံ့ဖြိုးခြင်း”၊ “လဝက်” အစရှိသည့် မှတ်တမ်းရုပ်ရှင် (၆) ကားကို ရိုက်ကူး ပြသခဲ့သည်။

ရွှေဇာမဏီ ဂျာနယ်တိုက်၏ CEO ကိုထူးအောင်က ပြောကြားနေစဉ်(ဆင်ဟွာ)

ယူနန် တက္ကသိုလ် သတင်း အတတ်ပညာကောလိပ် ဒုတိယ ဥက္ကဋ္ဌ Ms.Shan Xiaohong က ပထမအကြိမ် “အနာဂတ်၏မျိုးဆက်သစ် ပရောဂျက်”နောက်ပိုင်းတွင် တောင်အာရှ ၊ အရှေ့တောင်အာရှ နိုင်ငံများကို ထိုးဖောက်နိုင်ရေးအတွက်လည်း အဖိုးတန်သော အတွေ့အကြုံများ ရရှိခဲ့ကြောင်း ၊ ယူနန်တက္ကသိုလ် သတင်း အတတ်ပညာ ကောလိပ်မှ ဆက်လက်ပြီး အလားတူလှုပ်ရှားမှုများကို ဆောင်ရွက်ပြီး ရပ်ဝန်း တစ်ခု၊ လမ်းကြောင်း တစ်ခုရှိ နိုင်ငံများအတွက် ပိုမိုလုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

မြန်မာ နှင့် တရုတ် နိုင်ငံတို့မှ ဖန်တီး ထုတ်လုပ်သူများက ရိုက်ကူးရေး အတွေ့အကြုံများကို ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရွှေဇာမဏီ ဂျာနယ်တိုက်၏ CEO ကိုထူးအောင်က အနာဂတ်၏ မျိုးဆက်သစ်များ ပရောဂျက်အား ပုံမှန် ကျင်းပသွားရန် မျှော်လင့်ကြောင်း ၊ အနာဂတ်တွင် မြန်မာ သတင်း မီဒီယာ သင်တန်းသားများ တရုတ်ကို နားလည် သိရှိစေရုံသာမက တရုတ် သတင်းမီဒီယာ သင်တန်းသားများ မြန်မာကို သိရှိ နားလည်သော အခွင့်အရေးများ ဖန်တီး ပေးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမို သိရှိ နားလည်ခြင်း ၊ မြန်မာ ပြည်သူ ပြည်သားများနှင့် ပိုမို နက်ရှိုင်းသော ချစ်ကြည်ရေးကို တည်ထောင်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ပထမဆုံးအကြိမ် “အနာဂတ်၏မျိုးဆက်သစ်ပရောဂျက်” သည် ၁၄ ရက်တာ အချိန်ကြာမြင့်ပြီး မြန်မာနိုင်ငံမှ သင်တန်းသား ၉ ဦးသည် တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် သတင်းအတတ်ပညာကောလိပ်သို့ ဖိတ်ကြားခံခဲ့ရပြီး ကောလိပ်ရှိ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

“အရှိန်အဟုန်မြင့် ဖွံ့ဖြိုး တိုးတက်နေသော ယူနန် ပြည်နယ်” ဟူသော ခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံရှိ မြန်မာ ပညာတော်သင် ကျောင်းသားများ၊ ယူနန် ပြည်နယ် ပန်းထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း ၊ ယူနန် တိုင်းရင်းသား ရိုးရာ အဝတ်အစား ယဉ်ကျေးမှု ၊ နည်းပညာ အသစ်နှင့် လူမှု နေထိုင်ရေး စနစ် အစ ရှိသည့်တို့အား မေးမြန်းလေ့လာပြီး ရိုက်ကူးဖန်တီးခဲ့ကြောင်း သိရသည်။

“အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

“အနာဂတ်၏မျိုးဆက်သစ်” မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သော မှတ်တမ်း ရုပ်ရှင်ပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ထိုအခမ်းအနားသို့ ယူနန်ပြည်နယ်ကော်မတီ အမြဲတမ်း ကော်မတီဝင် ၊ အမြဲတမ်း အတွင်းဝန် ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Zong Guoying ဦးဆောင်သည့် ယူနန် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ၊ အဖွဲ့ ဝင်(၆)ဦး နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး သံမှူး Ms.Li Xiaoyan ၊ တရုတ် သံရုံးမှ သတင်းအချက်အလက် နှင့် ပြည်သူ့ရေးရာ ဌာန ညွှန်ကြားရေးမှူး Mr.Li Fusheng တို့အပါအဝင် ဖိတ်ကြားထားသူများ ၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူများ တက်ရောက်ခဲ့ကြပြီး အတူတကွ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.