Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ဈေးကြီး မီးလောင်မှုဖြစ်ပွား၊ဆိုင်ခန်းပေါင်း ၃ဝဝ ခန့်ပျက်စီးဆုံးရှုံး

ဘင်္ဂလားဒေ့ရှ်ဈေး,မီးလောင်မှု

ဒါကာ ၊ မတ် ၃ဝ ရက်(ဆင်ဟွာ)

ယနေ့မတ် ၃ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ Gulshan ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃ဝဝ ခန့်မီးလောင်ပျက်စီးသွားခဲ့ကြောင်း မီးသတ်သမားတစ်ဦးက ဆိုသည်။ မီးလောင်မှုကြောင့် ဆိုင်ခန်းများအတွင်းရှိ ပစ္စည်းများ နှင့် အသုံးအဆောင်များလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ အမည်မဖော်လိုသူ မီးသတ်သမားတစ်ဦးက မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီထိ ဆက်လက်လောင်ကျွမ်းနေခဲ့ကြောင်း ဆိုသည်။

အချင်းဖြစ်နေရာသို့မီးသတ်စခန်းပေါင်း ၂၁ ခုမှ မီးသတ်သမားများ လာရောက်၍ ကြိုးစားမီးငြှိမ်းသတ်နေကြောင်း ၎င်းကဆိုသည်။မီးလောင်မှုကြောင့် သေဆုံးသူ ရှိ မရှိကို လက်ရှိအချိန်အထိ မသိရှိရသေးသလို မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားရသည့် အသေးစိတ်အကြောင်းအရာကိုလည်း မသိရှိရသေးပေ။အဆိုပါဈေးကြီးသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်ကလည်း မီးလောင်မှုကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။(Xinhua)