ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် စီးပွားရေးရည်ရွယ်ချက် (၁၂) ရပ်ထဲတွင် e-Government ကိစ္စပါဝင်ပြီး e-Government စနစ်ကို အမြန်ဆုံး ထူထောင်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသို့ သွားမည့် လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအဲဝေး (Thai Airways) နိုင်ငံတကာ အများပိုင်ကုမ္ပဏီလိမိတက် (THAI) က ကြေညာလိုက်ကြောင်း၊ ဥရောပခရီးစဉ်အားလုံးကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်အတွက် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သက်တမ်းတိုးမြှင့်ရေး ကိစ္စအား လွှတ်တော်က အတည်မပြုကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မတ်လ ပထမ (၁၀) ရက်ပတ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့၌ နံနက်ပိုင်းမြူထူများဆိုင်းနိုင်ကြောင်း ် မိုးလေဝသ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား မြင့်တက်နေသည့် တင်းမာမှုများကို လျှော့ချပြီး ဆွေးနွေးမှု စကားဝိုင်းများ နှင့် ငြိမ်းချမ်းရေးသဘောဆောင်သည့် နည်းလမ်းများဖြင့် အခြေအနေအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် နီပေါနိုင်ငံက ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။