ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၀၀/၂-၃)ကြား၌ ခိုင်ဦး(၄၃)နှစ်မောင်းနှင်ပြီး လူ၂၆ ဦး (ကျား ၁၆၊ မ ၁၀) လိုက်ပါလာသည့် 1N/xxxx “မျိုးဆက်သစ်” Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ခရစ်ကတ်ကစားသမားဘဝမှ နိုင်ငံရေးဘက်ကူးပြောင်းလာသူ အီမရန်ခန်း (Imran Khan) သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် ဘိန်းဖြူ ၃.၅၆၁ ကီလို၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၅၈၄,၉၇၄ ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဝါးဆုံးမိုးရွာသွန်းမှုကြောင့် ယခုနှစ် မေလမှစ၍ လူပေါင်း ၃၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၉)မိုင်ခန့် ကွာဝေးသောစစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြိ့ု၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။