Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)ကို အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မှု ၁၅နှစ် ရပ်ဆိုင်း

ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)အားတွေ့ရစဉ်(ဆင်ဟွာ)

ကာရာကပ်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)သည် ၎င်း၏ ဘဏ္ဍာရေးမှတ်တမ်းများ မဟုတ်မမှန်ပြသမှုအား စစ်ဆေးပြီးနောက်ပိုင်း အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ၁၅ နှစ် ရပ်ဆိုင်းလိုက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ၏ ငွေကြေးဆိုင်ရာ အထွေထွေအရာရှိချုပ် Elvis Amoroso က မတ် ၂၈ ရက်က ပြောကြားသည်။

ဂျူအန်ဂွိုင်ဒို၏ ပိုင်ဆိုင်မှုကြေညာချက်အား စစ်ဆေးပြီးနောက် ၎င်းကို မည်သည့် အစိုးရရာထူးနေရာကမဆို ထုတ်ပယ်လိုက်ကြောင်း Amoroso ကဆိုသည်။ဗင်နီဇွဲလားနိုင်ငံ အာဏာပိုင်များက အတိုက်အခံခေါင်းဆောင် ဂွိုင်ဒို၏ အကောင့်များရှိ ပိုင်ဆိုင်မှုများအား စာရင်းစစ်ဆေးမှုကို ဖေဖော်ဝါရီလအတွင်း စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးမှု စတင်လာခြင်းသည် တရားမျှတမှုမရှိသော အမျိုးသားရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ငွေကြေးလက်ခံမှုကို ၎င်း၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို ကြောညာရာတွင် သတင်းအချက်အလက် ထိန်ချန်မှုကြောင့်ဖြစ်ကြောင်း Amorosoက ပြောသည်။Guaido သည် ၂၀၁၅ ခုနှစ်ကတည်းက အမျိုးသားညီလာခံက လုပ်ပိုင်ခွင့်မပေးဘဲ ပြည်ပနိုင်ငံ ၉၁ နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်လာ ၉၄,၀၀၀ သုံးစွဲခဲ့ကြောင်း သိရသည်။ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်သည် ဥပဒေပြုအမတ်အဖြစ်ရွေးချယ်ခံရသည့် ရက်မှစ၍ ဗင်နီဇွဲလားနိုင်ငံ ပြင်ပတွင် ရက်ပေါင်း ၂၄၈ရက် ရှိနေခဲ့ကြောင်း ငွေကြေးဆိုင်ရာ အရာရှိချုပ်၏ အဆိုအရ သိရသည်။(Xinhua)