ဟန်ကျိုး၊ဧပြီ ၁ဝ ရက် (ဆင်ဟွာ) ကွယ်လွန်သွားပြီဖြစ်တဲ့ မိမိ၏ ချစ်လှစွာသောသူများ၏ အရိုးပြာများကို အမြဲထိန်းသိမ်းထားနိုင်မည့် နည်းလမ်းသစ်တစ်ခုပေါ်ထွက်လာပြီဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ၊ ဟန်ကျိုးတွင် အရိုးပြာများကို မီးအပူချိန်ပြင်းပြင်းဖြင့်အရည်ပျော်စေပြီး ပုံဆောင်ခဲcrystal ပုတီးစေ့များအရွယ် ချုံ့ပေးနိုင်သည်။ ၎င်းတို့မှာ အရောင်အနေဖြင့် အဖြူ၊ အမဲ နှင့် မီးခိုးရောင်များဖြစ်လာသည်။...
ဆစ်ဒနီ ၊ ဧပြီ ၁ဝရက် (ဆင်ဟွာ) လေးယောက်ပေါင်း အသက် ၃၆ဝ နှစ်အထိ ရှိသော သြစတြေးလျနိုင်ငံမှ ရေကူးအဖိုးအို လေးဦးသည် ဧပြီလ ၉ ရက်က နယူးဆောက်ဝေးပြည်နယ် အမျိုးသားရေကူးချန်ပီယံပြိုင်ပွဲ၌ မီတာ ၅ဝ (4×50) လက်ဆင့်ကမ်းရေကူးပြိုင်တွင် နိုင်ငံ့စံချိန်သစ် တစ်ရပ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ရေတပ် မှ စေလွှတ်လိုက်သည့် စစ်သင်္ဘောအုပ်စု သည် အေဒင်ပင်လယ်ကွေ့တွင် ဧပြီ ၉ ရက်က ပင်လယ်ဓါးပြတို့၏ ပြန်ပေးဆွဲခံထားရသော တူဗားလူနိုင်ငံမှ သင်္ဘောတစ်စင်းအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်ခုတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူ ၄၄ဦး ထက်မနည်း သေဆုံးကာ အခြားလူ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့၍ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ သုံးလ သတ်မှတ်လိုက်ကြောင်း သမ္မတ အဗ္ဗဒူလ် ဖက်တာ အယ်လ်-စီစီ...
ဒမတ်စကက် ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ) ဆီးရီးယားအတိုက်အခံအုပ်စုများကို အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဆီးရီးယားနိုင်ငံအား အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့်လုပ်ရပ်မှာ ရည်မှန်းချက် မအောင်မြင်ကြောင်း ဆီးရီးယားနိုင်ငံသမ္မတ ဘာရှာအာဆတ်က ဧပြီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။