Connect with us

Asia

ရုရှားနိုင်ငံ ကမ်ချတ်တာကျွန်းဆွယ်တွင် ပြင်းအား ၆.၃ ပမာဏရှိသော ငလျင်လှုပ်

ရုရှားနိုင်ငံ အရှေ့ဖျား ကမ်ချတ်တာကျွန်းဆွယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗလာဒီဗော့စတော့၊ ရုရှား၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အရှေ့ဖျား ကမ်ချတ်တာကျွန်းဆွယ် ကမ်းရိုးတန်းတွင် ပမာဏ ၆.၃ ရှိသော အင်အားပြင်း ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း အာဏာပိုင်များက မတ်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။

“ငလျင်လှုပ်တာကို မတ်လ ၂၉ ရက် နံနက်အစောပိုင်းမှာ တိုင်းတာရရှိခဲ့တာပါ။ ငလျင်ဗဟိုချက်ကတော့ ပတ်ထရိုပေ့ဗလိုဗက်-ကမ်ချတ်စကီ တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာ၊ မြေအောက်အနက် ကီလိုမီတာ ၄၀ ဖြစ်တယ်” ဟု ရုရှား သိပ္ပံအကယ်ဒမီ ဘူမိဗေဒတိုင်းတာရေး ဒေသဆိုင်ရာရုံးခွဲ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပတ်ထရိုပေ့ဗလိုဗက်-ကမ်ချတ်စကီတွင် အဆောက်အအုံများအား ကယ်ဆယ်ရေးနှင့် မီးသတ်သမားများက စစ်ဆေးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက ကြေညာချက်၌ ပြောကြားထားသည်။ကနဦး အချက်အလက်အရ ပျက်စီးမှုနှင့် သေဆုံးမှု မရှိကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)