ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့ ၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် ပါရှိသော ရဟတ်ယာဉ်အား Aegean ပင်လယ် တွင် နှောင့်ယှက်တိုက်ခိုက်မှု၌ တူရကီရဟတ်ယာဉ်များ ပါဝင်ခြင်းမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ၏ ပြောကြားကြားချက်ကို state-run Anadolu Agency ကမတ်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် လွန်ခဲ့သည့် ၃လအတွင်း ဝက်သက်ရောဂါပြန့်ပွားမှုကြီးတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး လူ ၃၂,၀၀၀ ကျော် ကူးစက်ခံခဲ့ရကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က မတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။