ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ တောင်ကြီး-ကလောသွားကားလမ်း၊ မိုင်တိုင်အမှတ် (၉၈/ဝ)ရှိ ဘဝသံသရာတံတားအနီး၌ ငွေကျပ်သိန်း ၆၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင် လာသည့် မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် မတ်လအတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄-ပေမှ ၅-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရားမဝင် ကုန်စည် စီးဆင်းမှု တားဆီး ထိန်းချုပ်ရေး စီမံချက်အား မတ် ၁ ရက် မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာစကားနှင့်ဆက်ဆံဖလှယ်ခြင်းဖြင့်တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေးကို ကောင်းစွာ တိုးမြှင့်နိုင်မည်ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာ ချန်းချန် (Mr. Chen Chen) နေပြည်တော် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဌာချုပ်တွင် ယနေ့ညနေပိုင်း ပြုလုပ်သည့်...
တိဘက် ၊ တရုတ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ဒေသရှိ Yarlung Tsangpo မြစ်တစ်လျှောက် ရှိ Yarlung Tsangpo Grand ချောက်ကြီးသည် ကမ္ဘာပေါ်တွင်အနက်ရှိုင်းဆုံး ချောက်ကြီးတစ်ခုဖြစ်သည်။ အဆိုပါချောက်ကြီးထဲတွင် ယနေ့ခေတ်လူသားများ အသိနည်းသေးသည့် အပင်နှင့် သက်ရှိမျိုးစိတ်ပေါင်းများစွာတို့ ရှင်သန်ပေါက်ပွားနေကြသည်။အဆိုပါ ရှားပါးမျိုးစိတ်များရှိနေသော...