Connect with us

Africa & Middle East

ခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်း အတည်ပြု


အက်ဒစ်အဘာဘာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းစဉ် မတ် ၁ဝ ရက် နံနက်ပိုင်းက လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

“ မတ် ၁ဝ ရက်က အက်ဒစ်အဘာာမြို့မှ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းသွားတဲ့ ET302 လေကြောင်းခရီးစဉ် မတော်တဆမှုအတွက် အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စု CEP အနေနဲ့လွန်စွာ စိတ်မကောင်းဖြစ်ရပါတယ် ” ဟု လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တစ်စောင်ကို တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြခဲ့သည်။

ဘိုးရင်း ၇၃၇-၈ဝဝ

အီသီယိုးပီးယားနိုင်ငံ၌ ပျက်ကျသွားသော ဘိုရင်း 737-800 လေယာဉ်အစိတ်အပိုင်းများအားရှာဖွေမှုပြုလုပ်နေစဉ်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ၌ ပျက်ကျသွားသော ဘိုရင်း 737-800 လေယာဉ်အစိတ်အပိုင်းများအားရှာဖွေမှုပြုလုပ်နေစဉ်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ၌ ပျက်ကျသွားသော ဘိုရင်း 737-800 လေယာဉ်အစိတ်အပိုင်းများအားရှာဖွေမှုပြုလုပ်နေစဉ်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ၌ ပျက်ကျသွားသော ဘိုရင်း 737-800 လေယာဉ်အစိတ်အပိုင်းများအားရှာဖွေမှုပြုလုပ်နေစဉ်(ဆင်ဟွာ)

ဘိုးရင်း ၇၃၇-၈ဝဝ MAX သည် အက်ဒစ်အဘာဘာ နိုင်ငံတကာလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၈ မိနစ်တွင် စတင်ထွက်ခွာလာပြီး ၈ နာရီ ၄၄ မိနစ်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် လေယာဉ်မှာ အက်ဒစ်အဘာဘာမြို့မှ ၄၅ ကီလိုမီတာအကွာ Bishoftu မြို့ပေါ်သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် နိုင်ငံပေါင်း ၃ဝ ကျော်မှ ခရီးသည် ၁၅၇ ဦးလိုက်ပါလာကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စု အမှုဆောင်အရာရှိချုပ် Tewolde Gebremariam က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် ဟောင်ကောင်မှ တစ်ဦးအပါအဝင် တရုတ်နိုင်ငံသား ၈ ဦးပါဝင်ကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

“ သေဆုံးသွားသူတွေနဲ့ကျန်ရစ်တဲ့မိသားစုဝင်တွေအတွက် အလွန်ဝမ်းနည်းကြေကွဲရပါတယ်” ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လုခန်က မတ် ၁ဝ ရက် ညပိုင်းက ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အီသီယိုးပီးယားနိုင်ငံရှိ တရုတ်သံရုံးအနေဖြင့် သေဆုံးသွားသူများ၏ မိသားစုဝင်များအတွက် လိုအပ်သော အကူအညီများကို အားလုံးဆောင်ရွက်ပေးနိုင်ရန် အနီးကပ်စောင့်ကြည်မှုများ ပြုလုပ်လျက်ရှိကြောင်း လုခန်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.