မက်ထားလမ်၊ အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ လက်ဂ်ဟမ်ပြည်နယ် အရှေ့ပိုင်း၌ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရက ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ပြောကြားလိုက်သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အာရပ်လူမျိုး အရေပြားခွဲစိတ်မှုဆရာဝန်တစ်ဦး ၏ ခွဲစိတ်မှုအမှား ကြောင့် ဆော်ဒီ အမျိုးသမီးငယ် တစ်ဦး ခြေလက် ၃ချောင်း ဖြတ်ခဲ့ရသည့်အတွက် တရားဥပဒေနှင့်ရင်ဆိုင်ရပြီး ၎င်း၏ ဆေးကုသခွင့်လိုင်စင် အသိမ်းခံရမည့် အခြေအနေသို့ရောက်ရှိနေကြောင်း ပြည်တွင်းကျန်းမာရေးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရှိ တစ်ခုတည်းသော မီးတောင်ရှင် မှ မီးခိုး နှင့် ချော်ရည်များ ထပ်မံ မှုတ်ထုတ်နေကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ချီကာဂို ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံချီကာဂိုမြို့လယ်၌ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက ရာပေါင်းများစွာသော ပြည်သူများ စုဝေးရောက်ရှိလာပြီး တရားဝင် စာရွက်စာတမ်းမရှိဘဲ အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်သည့် သမ္မတဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း အမိန့်အား ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း နုတ်ထွက်စာတင်ရန် သမ္မတထံ သွားရောက်တင်နေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။