Connect with us

Europe

ဥရောပသမဂ္ဂမှ ဗြိတိန် သဘောတူညီချက်မဲ့ နုတ်ထွက်ပါက ဂျာမနီစီးပွားရေးအတွက် ပြင်းထန်သည့်ထိုးနက်မှု ဖြစ်နိုင်

Brexit အရေး ဗြိတိန်လွှတ်တော်အဆောက်အဦအရှေ့တွင် ဆန္ဒပြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

ဗြိတိန်သည် သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဆိုပါက ဂျာမနီအနေဖြင့် အဆိုးဆုံး အခြေအနေမျိုးတွင် စုစုပေါင်းပြည်တွင်း အသားတင်ထုတ်ကုန် (GDP) တန်ဖိုး အနည်းဆုံး ဝ.၅ ရာခိုင်နှုန်း ကျဆင်း သွားမည် ဖြစ်ကြောင်း ၊ ၂၀၁၉ ခုနှစ်တွင်ပင်လျှင် ဂျာမနီ၏ စီးပွားရေးနစ်နာ ဆုံးရှုံးမှုသည် ယူရိုငွေ ၁၇ ဘီလီယံအထိ ရှိနိုင်ကြောင်း ဂျာမနီစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် (BDI) ညွှန်ကြားရေးမှူးချုပ် Joachim Langက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘာလင်မြို့၌ ပြောကြားခဲ့ကြောင်း သိရသည်။

ပြင်ဆင်ထားသည့် Brexit သဘောတူညီချက်ကို ဗြိတိန်လွှတ်တော်က အတည်မပြုပယ်ချခဲ့မည် ဆိုပါက Brexitအရေးကို ခေတ္တ ရပ်ဆိုင်းသင့်ကြောင်း ဂျာမနီစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် (BDI) က နှိုးဆော်ထားသည်။ ခေတ္တရပ်ဆိုင်းခြင်းက သဘောတူညီချက်မဲ့နုတ်ထွက်ခြင်းနှင်ယှဉ်လျှင် ကောင်းမွန်သည်ဟုလည်း ဆိုသည်။

Brexit သဘောတူညီချက် ဒုတိယအကြိမ်မဲခွဲဆုံးဖြတ်မှုကို ဗြိတိန်လွှတ်တော်က ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြုလုပ်ရန် နဂိုမူလက သတ်မှတ်ထားသည်။ ထိုအချိန်မတိုင်မီ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အဆိုပါမဲခွဲဆုံးဖြတ်မှုကို အချိန်ရွှေ့ဆိုင်းကြောင်းနှင့် မတ်လ ၁၂ ရက် မတိုင်မီ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မတ်လ ၂၉ ရက် ဗြိတိန် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက်မည့်နေ့နီးကပ်လာသည်နှင့်အမျှ သဘောတူညီချက်မဲ့နုတ်ထွက်မည်ကို စောင့်ကြည့်လေ့လာသူအများက စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.