Connect with us

Economy

တရုတ် နိုင်ငံ မကာအို ဒေသသို့ဇန်နဝါရီလတွင် လာရောက် လည်ပတ်သူ ၂၄.၉ ရာခိုင်နှုန်း မြင့်တက်

တရုတ် နိုင်ငံ မကာအို ဒေသသို့ ခရီးသည်များ လာရောက် လည်ပတ်မှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

မကာအို ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသ(SAR) သို့ဇန်နဝါရီလ အတွင်း ခရီးသည် ၃.၄၂ သန်း ဝင်ရောက် ခဲ့ပြီး ယခင်နှစ်ကထက် ၂၄.၉ ရာခိုင်နှုန်း တိုးတက်လာကာ ယခင်နှစ် ဒီဇင်ဘာလကထက် ၄.၁ ရာခိုင်နှုန်း လျော့ကျသွားကြောင်း SAR ၏ ဖေဖော်ဝါရီ ၂၆ ရက် စာရင်းဇယားများ အရ သိရသည်။

မကာအိုသို့ဇန်နဝါရီလ အတွင်းက ခရီးသည် ဝင်ရောက်မှုမှာ စာရင်းအင်း နှင့် သန်းခေါင်စာရင်း လုပ်ငန်း၏ အချက် အလက်များ အရ ယခင်နှစ် ကာလတူထက် ခရီးသည် အရေအတွက် ၁.၇၈ သန်း ဝင်ရောက်ခဲ့ပြီး ၄၁.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပြည်မကြီးမှ လာရောက် လည်ပတ်သူ အရေအတွက်မှာ ၂.၅၀ သန်း ရှိပြီး ယခင်နှစ် ကထက် ၂၉.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း နှင့် တစ်ဦးချင်း လာရောက် လည်ပတ်သည့် ခရီးသည် ပမာဏသည် ၁.၃၀ သန်း ရှိခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၄၅.၂ အထိ တိုးတက်လာခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ပြည်မမှ လာရောက် လည်ပတ်သော ခရီးသည်များထဲတွင် ကွမ်တုံ ၊ ဟူနန် ၊ ဖူကျန့်ပြည်နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်(SAR) မှ လာရောက် လည်ပတ်သော ခရီးသည်မှာ မြင့်တက် လာခဲ့ပြီး ၅၃၃,၇၄၀ ဦး ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၂၁.၇ အထိ ရှိကြောင်း နှင့် တောင်ကိုရီးယား နိုင်ငံမှ ခရီးသည် ၉၉,၄၆၃ ဦး ရှိကာ ၁.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံမှ ခရီးသည် ၁၆,၅၀၉ ဦး ၊ သြစတေးလျ နိုင်ငံမှ ခရီးသည် ၁၁,၀၂၀ ဦး ၊ ကနေဒါ နိုင်ငံမှ ခရီးသည် ၆,၅၇၂ ဦး နှင့် ဗြိတိန် နိုင်ငံမှ ခရီးသည် ၄,၂၉၈ ဦး တို့ဖြင့်လည်း အသီးသီး ဝင်ရောက် လည်ပတ်မှု မြင့်တက် လာခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117