နေပြည်တော်၊ ဇန်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ငလျင်ဘေးဒဏ်ခံနိုင်သည့် မြန်မာနိုင်ငံ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပါဝင်သည့် ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေး အဖွဲ့အစည်း ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း ပြန်လည် နေရာချထားရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ တန်ဖိုးသင့်လေကြောင်းလိုင်း AirAsia က ဗြိတိန်နိုင်ငံ လေယာဉ်အင်ဂျင်ထုတ်လုပ်သူ ရိုးလ်ရွိုက်စ်၏ လာဘ်ပေးလာဘ်ယူကိစ္စတွင် ၎င်းအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆန်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဇန်နဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်နှင့် မန်တုံမြို့အနီးဝန်းကျင် ရွှေလီမြစ်ကြောင်းတစ်လျှောက်၌ သစ်ခိုးအဖွဲ့များက သစ်များခိုးထုတ်လျက်ရှိကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သစ်ခိုးအဖွဲ့များမှ ခိုးထုတ်လျက်ရှိသည့် တရားမဝင်သစ်များနှင့် သစ်တင်ယာဉ်များသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မကြာသေးမီက ကျမ်းသစ္စာကျိန်ဆိုထားသော အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ IS အစွန်းရောက်အုပ်စုအား တိုက်စစ်ဆင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄မိုင် ၂ဖာလုံခန့်တွင် ဖြစ်ပွားခဲ့သော ကားမီးလောင်ပြီး လူ၈ဦးသေဆုံးမှုတွင် အသက်ရှင် ကျန်ရစ်သူ အမျိုးသားကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။