Connect with us

Latin America

ဘရာဇီး နိုင်ငံ ရဲတပ်ဖွဲ့ က မူးယစ်ဆေး ရောင်းဝယ်သူ ၁၃ ဦး အား ပစ်ခတ်ရှင်းလင်း

ဘရာဇီး နိုင်ငံ ရဲတပ်ဖွဲ့ဝင် များ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဘရာဇီ နိုင်ငံ ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီ ၈ ရက် တွင် မြို့တော် ရီယိုဒီဂျနေရို မြို့လယ် ရှိ လူနေရပ်ကွက် နှစ်ခု တွင် မူးယစ်ဆေး ဖမ်းဆီးနှိမ်နင်းရေး လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ဘရာဇီး နိုင်ငံ ရဲတပ်ဖွဲ့ က မူးယစ်ဆေး ဖမ်းဆီးနှိမ်နင်းရေး ဆောင်ရွက်ခဲ့သည့် လူနေရပ်ကွက် နှစ်ခု ၌ မူးယစ်ဆေးဝါး ရောင်းဝယ်သည့် ဂိုဏ်း များ က နယ်မြေလုခြင်းကြောင်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား လေ့ရှိကြောင်း ၊ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်း အချိန်တွင် သတင်း ပေးပို့ချက်အရ ရဲတပ်ဖွဲ့ က ယင်း လူနေရပ်ကွက် နှစ်ခု သို့ သွားရောက် ဖမ်းဆီး ခဲ့ရာ မူးယစ်ဆေး ရောင်းဝယ်သူများ နှင့် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။ဘရာဇီး နိုင်ငံ ရဲတပ်ဖွဲ့ ၏ ယခု အကြိမ် ဆောင်ရွက်မှု တွင် မူယစ်ဆေး ရောင်းဝယ်သူ ၁၃ ဦး အား ပစ်ခတ်ရှင်းလင်းခဲ့သည့် အပြင် ၃ ဦး အား ဖမ်းဆီး နိုင်ခဲ့ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)