Connect with us

Latin America

ဘရာဇီးနိုင်ငံ ဘောလုံးကလပ်မီးလောင်မှုကြောင့် ဆယ်ကျော်သက် ၁၀ ဦးသေဆုံး

မီးလောင်မှုဖြစ်ပွားခဲ့သည့် Flamengo ဘောလုံးကလပ် လေ့ကျင့်ရေးစင်တာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဘောလုံးကလပ် လေ့ကျင့်ရေးစင်တာတစ်ခုတွင် ဖေဖော်ဝါရီလ ၈ ရက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ် ကစားသမား ၁၀ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

အဆိုပါ စင်တာအား Flamengo ဘောလုံးကလပ်က လုပ်ကိုင်နေခြင်းဖြစ်ပြီး ကစားသမား ၂၆ ဦးရှိကြောင်း၊ ယင်းအနက် ကစားသမားထက်ဝက်မှာ မီးမလောင်မီ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ လေအေးပေးစက်စနစ် ချို့ယွင်းမှုမှတစ်ဆင့် လောင်ကျွမ်းခဲ့သောမီးမှာ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ကြောင်း ဒေသခံ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

“လေအေးပေးစက်တစ်ခုကနေ မီးလောင်တာဖြစ်ပါတယ်။ အရာအားလုံး မီးလောင်သွားခဲ့တာပါ။ မီးက အရမ်းကိုမြန်ပါတယ်။ တကယ်လက်တွေ့မှာ ဘယ်သူ့ကိုမှ ပြောချိန်မရလိုက်ဘူး” ဟု ဆမ်မြူရယ် (Samuel) အမည်ရှိ ကစားသမားတစ်ဦးက သတင်းထောက်များကို ပြောခဲ့သည်။

သေဆုံးသူများအကြား နိုင်ငံခြားကလပ်များက စိတ်ဝင်စားနေသော အလားအလာရှိသည့် အသက် ၁၅ နှစ်အရွယ် ဂိုးသမား ခရစ္စတန် အက်စ်မာရီယို (Christian Esmerio) လည်း ပါဝင်ကြောင်း သိရသည်။ထို့ပြင် မီးလောင်မှုကြောင့် အခြား ကစားသမား သုံးဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် တစ်ဦးမှာ ၎င်း၏ ခန္ဓာကိုယ် ၄၀ ရာခိုင်နှုန်း မီးလောင်ခံလိုက်ရသည်ဟု ဆိုသည်။

အဆိုပါ မီးသည် ဒေသစံတော်ချိန် နံနက် ၅း၀၀ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် ဘောလုံးသမားအများစုမှာ အိပ်ပျော်နေကြကြောင်း၊ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။Famengo ကလပ်၏ ဥက္ကဋ္ဌ ရိုဒိုလ်ဖို လန်ဒင်မ် (Rodolfo Landim) က “ကလပ်ရဲ့ ၁၂၃ နှစ်တာသမိုင်းမှာ အဆိုးဝါးဆုံး အဖြစ်ဆိုးပါပဲ” ဟု ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117