ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့၏ အနောက်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၉၇ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခိုင်မာသောစစ်တပ်တစ်ခုကို တည်ဆောက်ရေး နှင့် တရုတ်လူမျိုးတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ရေးုကို အားပေးထောက်ခံရန်အတွက် အနာဂတ်ကာလတွင် စစ်ဖက်-အရပ်ဖက် နက်ရှိုင်းစွာ ပေါင်းစည်းရေးကို လက်တွေ့ကျကျ ကြိုးပမ်းအားထုတ်သွားကြရန် မတ်လ ၁၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေး တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ မကြာမီကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ခတ္တမန္ဒူ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) နီပေါ နိုင်ငံ ၊ ခတ္တမန္ဒူ လေဆိပ် အနီး၌ မီးလောင်ကျွမ်း ပျက်ကျသွားသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင် လေယာဉ် ပေါ် လိုက်ပါလာသူများ အနက် ၄၉ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ...
ခေတ္တမန္ဒူ ၊ မတ် ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ မြို့တော် ခေတ္တမန္ဒူလေဆိပ်အနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးတည်ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့( မတ်လ ၁၂ ရက် ) မွန်းလွဲပိုင်းတွင် မြေပြင်သို့ဆင်းသက်စဉ် မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း နှင့် လက်ရှိတွင်သေဆုံးဒဏ်ရာရမှု အခြေအနေအား အသေးစိတ်မသိရှိရသေးကြောင်း သိရသည်။