Connect with us

Politics, Law & Military

လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ကျပ် သန်း ငါးရာကျော် ပြန်လည် အပ်နှံ

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ လုပ်ငန်းများ မဆောင်ရွက်နိုင်သောကြောင့် ပြန်လည် အပ်နှံငွေ ကျပ် သန်း ငါးရာကျော် ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်များ ဆောင်ရွက်ရန် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့မှု မှာ တစ်မြို့နယ်လျှင် ကျပ် သန်း တစ်ရာနှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၃၂၂ ခုအတွက် ကျပ် သန်း ၃၂၂၀၀၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် ကောင်စီ (ရှစ်မြို့နယ်)အတွက် ကျပ် သန်း ၈၀၀၊ စုစုပေါင်း ကျပ်သန်း ၃၃၀၀ ရှိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖွံ့ဖြိုးရေး လုပ်ငန်းများ မဆောင်ရွက်နိုင်သဖြင့် ပြန်လည် အပ်နှံငွေမှာ ကျပ် သန်း ငါးရာကျော် (၅၀၀ ဒသမ ၀၀၂ သန်း) ရှိခဲ့ကြောင်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းထွဋ် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

“ခွင့်ပြုရန်ပုံငွေမှ ပြန်လည်အပ်နှံမှု ကျပ် သန်း ၅၀၀ ဒသမ ၀၀၂ မှာ ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မိုင်းလား၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း၊ နားဖန်း မြို့နယ်များအတွက် ကျပ် သန်း ငါးရာ၊ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ အဆိုပြု တောင်းခံငွေမှာ ကျပ်သန်း ၉၉ ဒသမ ၉၉၈ ဖြစ်၍ ပိုငွေကျပ် ၀ ဒသမ ၀၀၂ သန်း တို့ ဖြစ်ပါတယ်၊ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော မြို့ နယ်များအတွက် နှစ်စဉ် ခွင့်ပြုရန်ပုံငွေ တင်ပြ တောင်းခံပြီး ပြန်လည် အပ်နှံကြောင်း တွေ့ရှိရသဖြင့် ခွင့်ပြု ရန်ပုံငွေ တောင်းခံမှုကို ပြန်လည် စိစစ်သင့်ပါတယ်” ဟုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်က လွှတ်တော်သို့ အကြံပြုတင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.