Connect with us

Latin America

တရုတ် နိုင်ငံထုတ် လျှပ်စစ် ဘတ်စ်ကားများ အီကွေဒေါ နိုင်ငံသို့ရောက်ရှိ

BYD တံဆိပ် ဘတ်စ်ကား တစ်စင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွီတို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့နှင့် လူဦးရေ ၂ သန်း ရှိကာ ဒုတိယ လူဦးရေ အများဆုံး ဖြစ်သည့် Guayaquil မြို့၌ မြို့ပြ သယ်ယူ ပို့ဆောင်ရေး နှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ရှိရေး တို့ ခေတ်မီလာရန် ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်ထားသော တရုတ်နိုင်ငံထုတ် လျှပ်စစ် ဘတ်စ်ကားများကို ပထမဆုံး အကြိမ် အဖြစ် အီကွေဒေါ နိုင်ငံမှ လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

အီကွေဒေါ နိုင်ငံ အနောက်ပိုင်း Manabi ပြည်နယ်ရှိ Manta ဆိပ်ကမ်းသို့BYD တံဆိပ် ဘတ်စ်ကား အစီး ၂၀ သည် ဖေဖော်ဝါရီ ၄ ရက်တွင် ရောက်ရှိလာခဲ့ရာ ဒုတိယ သမ္မတ Otto Sonnenholzner က ထိုဘတ်စ်ကား များအား ဝယ်ယူခဲ့သည့် ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေး Saucin ကုမ္ပဏီ၏ အမှူဆောင် အရာရှိချုပ် နှင့် အတူ လက်ခံ ရယူခဲ့ကြောင်း သိရသည်။

အီကွေဒေါ နိုင်ငံ ဒုတိယ သမ္မတ Sonnenholzner က အဆိုပါ ဘတ်စ်ကားများသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု လုံး၀ မရှိဘဲ သဘာ၀ ပတ်ဝန်းကျင် အတွက် သဟဇာတ ဖြစ်သည့် မြင့်မားသည့် အရည်အသွေး ရှိကာ ပို၍ သက်တောင့်သက်သာ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထိုဘတ်စ်ကားများအား တောင်အမေရိက နိုင်ငံများတွင် ချီလီ နိုင်ငံ ပြီးနောက် အီကွေဒေါ နိုင်ငံက ဒုတိယ မြောက် အဖြစ် လက်ခံ ရရှိခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ် ဓာတ်အားသုံး အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် သုံးစွဲနိုင်ရန် ဖြစ်ကြောင်း ၊ ချီလီ နိုင်ငံ မြို့တော် ဆန်တီရာဂိုတွင် လျှပ်စစ်ကား အရေအတွက် ၁၀၀ ခန့် ပြေးဆွဲနေကြောင်း သိရသည်။

အီကွေဒေါ နိုင်ငံ Guayaquil မြို့တွင် အဆိုပါ ခေတ်မီ အဲယားကွန်း ဘတ်စ်ကားများသည် တစ်ရက်လျှင် ပုံမှန် သွားလာ နေသော ခရီးသည် ဦးရေ ၁၀,၅၀၀ ကျော် အတွက် စောင့်ကြည့် ကင်မရာများ ၊ ဘီးတပ် ထိုင်ခုံများ အပါအဝင် ခရီးသည်များ အဆင်ပြေစွာ စီးနင်းနိုင်စေရေး ဆောင်ရွက်ပေးထားမှု နှင့် လုံခြုံစိတ်ချရမှုများ ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.