ဗျူရိုအဲရစ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ၂၁ ရာစုအတွင်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်ရေးတွင် တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံများအကြား ပူးတွဲ အားထုတ်လုပ်ဆောင်မှုများသည် နှစ်နိုင်ငံ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်မှုနှင့် မျှော်လင့်ချက်သစ်များအတွက် တွန်းအားသစ်ဖြစ်စေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့၌ လွန်ခဲ့သည့် သုံးရက်အတွင်း အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာ မြို့၏ နေရာအနှံ့အပြား၌ အပူလျှပ်ခြင်းကြောင့် အနည်းဆုံး လူ ၆၅ ဦးသေဆုံးခဲ့ကြောင်း Edhi လူမှုဝန်ထမ်းအဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ ဒေသတွင်းမီဒီယာက...
ဘဂ္ဂဒက်၊ မေ ၂၂ ရက်(ဆင်ဟွာ) အီရတ်စစ်တပ်က မေလ ၂၁ ရက်တွင် မြောက်ပိုင်းMosulမြို့၌ IS အစွန်းရောက်အဖွဲ့အစည်း တူးဖော်ထားသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းလိုဏ်ခေါင်းအတွင်း ပုန်းလျှိုနေသည့် လက်နက်ကိုင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လက်နက်ကိုင် ၁၂ ဦး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်း၊ (၂၈×၂၇)ကြား၊ မန်းမြန်မာဈေးချိုပလာဇာအပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၁း၅၅ နာရီ တွင်မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
ရီယာ့ဒ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ လေကြောင်းလိုင်းမှ SV3818 လေယာဉ် သည် ဆော်ဒီနိုင်ငံ မက်ဒီနာမြို့ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ သို့ ပျံသန်းနေစဉ် ဆင်းသက်ဂီယာ ပုံမှန်အလုပ်မလုပ်တော့သည့်နောက် ဂျက်ဒါ့မြို့ ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အွန်လိုင်း Arab News...