Connect with us

Asia

ပါကစ္စတန်တွင် အင်အား ၅.၆ ပမာဏရှိငလျင်တစ်ခုလှုပ်ခတ်

ပါကစ္စတန်နိုင်ငံ တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူအများ လမ်းမပေါ်သို့ ထွက်လာစဉ် (ဆင်ဟွာ)

အစ္စလာမ်ဘတ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့အပါအဝင် အခြားအစိတ်အပိုင်းများတွင် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက အင်အား ၅.၆ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသားငလျင်ဆိုင်ရာစောင့်ကြည့်ရေးစင်တာကပြောကြားခဲ့သည်။

စင်တာ၏ပြောကြားချက်အရ ငလျင်သည် ဒေသစံတော်ချိန် ည ၉း၄၇နာရီ တွင် ပါကစ္စတန်နိုင်ငံက ထိန်းချုပ်သော ကတ်ရှ်မီးယားဒေသဘက်ခြမ်းရှိ Muzaffarabad ဧရိယာ၏ အရှေ့မြောက်ဘက် ၁၀၄ကီလိုမီတာ ရှိ မြေအောက်အနက် ၄၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုဒဏ် ကို Khyber Pakhtunkhwa ပြည်နယ် အနောက်မြောက်ပိုင်း နှင့် Punjab ပြည်နယ် အရှေ့ပိုင်း ရှိ အချို့ခရိုင်များအပါအဝင် နိုင်ငံ၏ ဧရိယာအများအပြားတွင် ခံစားခဲ့ရကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် လူအများ ထိတ်လန့်ခဲ့ရပြီး ယခုအချိန်အထိ သေဆုံးဒဏ်ရာရရှိမှု နှင့် ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ သည် ငလျင်လှုပ်ခတ်မှုအများဆုံး ဧရိယာများအနက် တစ်ခုပေါ်တွင်တည်ရှိနေသဖြင့် အတိတ်သမိုင်း၌ အဆိုးရွားဆုံးငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.