Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ တွင် အီရန် တပ်ဖွဲ့များ တည်ရှိနေမှု နှင့် ပတ်သက်၍ အစ္စရေး နှင့် ရုရှား နိုင်ငံ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမည်

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် နက်တန်ယာဟု (Netanyahu) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် နက်တန်ယာဟု (Netanyahu) က ဖေဖော်ဝါရီ ၅ ရက် ၌ ၎င်းအနေဖြင့် ယခုလ ၂၁ ရက် တွင် ရုရှား နိုင်ငံ သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် ဆီးရီးယား နိုင်ငံ တွင် အီရန် တပ်ဖွဲ့များ တည်ရှိနေမှု စသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နက်တန်ယာဟု က သတင်းစာ ရှင်းလင်းပွဲ တွင် ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် တွေ့ဆုံချိန်တွင် ဆီးရီးယား နိုင်ငံ အတွင်း အီရန် တပ်ဖွဲ့များ တည်ရှိနေမှု ကို တားဆီးရန် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် တားဆီးမှု များ ဆောင်ရွက်ခဲ့ကာ Golan ကုန်းမြင့် ၏ တစ်ဖက်ခြမ်း တွင် အီရန် နိုင်ငံ က အစ္စရေး နိုင်ငံ အား ဦးတည်၍ ဆောင်ရွက်နေသည့် စစ်မြေပြင် ကိုလည်း ဆက်လက်၍ တားဆီးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှု က ယခင်နှစ် စက်တင်ဘာလ တွင် ဆီးရီးယား နိုင်ငံ ၌ ရုရှား တပ်ဖွဲ့ဝင် ၁၅ ဦး လိုက်ပါခဲ့သည့် စစ်လေယာဉ် ပစ်ချခံခဲ့ရပြီး နောက်ပိုင်း အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် နှင့် ရုရှား နိုင်ငံ သမ္မတ တို့၏ ပထမ ဦးဆုံး အကြိမ် တွေ့ဆုံဆွေးနွေးမှု ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက် တွင် ရုရှား နိုင်ငံ ၏ ကင်းထောက်လေယာဉ် တစ်စင်း က ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး စနစ် ၏ မှားယွင်း ပစ်ချခြင်း ခံခဲ့ရပြီး ရုရှား နိုင်ငံ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ရကြောင်း ၊ ရုရှား နိုင်ငံ က အစ္စရေး တိုက်လေယာဉ် များသည် ရုရှား နိုင်ငံ စစ်လေယာဉ် အား အကာအကွယ် ယူ၍ ဗုံးကြဲ တိုက်ခိုက်မှုများ ဆောင်ရွက်ခြင်း ကြောင့် မှားယွင်း ပစ်ချခြင်း ခံခဲ့ရကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် မှားယွင်းပစ်ချခံရမှု ကို ဆီးရီးယား နိုင်ငံ မှ တာဝန်ယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနောက်ပိုင်းတွင် အစ္စရေး နှင့် ရုရှား နိုင်ငံ ဆက်ဆံရေး မှာ တင်းမာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.