ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျတ်လိုငွေနှင့် GDP အချိုးကို လျှော့ချသွားမည့်အစား ဘဏ္ဍာရေးပေါ်လစီကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝန်းရှိ သတင်းထောက်ပေါင်း ၁ဝဝဝ ကျော်က တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးပါသည့်အစည်းအဝေး နှစ်ရပ်တွင် သတင်းရယူရန် တက်ရောက်လာခဲ့ကြသည်။ ထိုအစည်းအဝေးမှာ တရုတ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်စေမည့် အထူးအခွင့်အရေးတစ်ရပ်လည်းဖြစ်ပြီး တစ်ကမ္ဘာလုံးက အထူး စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိသည်။ (Xinhua)
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆,၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉,၁၉၀ ချောင်းနှင့် ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။