Connect with us

Education & Health

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေးဆောင်ရွက်ရန် ဆွေးနွေး

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအတွက် ဆွေးနွေးမှုပြုလုပ်စဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေးဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် Gavi, The Vaccine Alliance အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထို့သို့ တွေ့ဆုံစဉ် ကလေးငယ်များ ရောဂါဘယကင်းဝေးပြီး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးအသစ်များ ထည့်သွင်း ထိုးနှံခြင်းနှင့် အစုလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် Gavi အဖွဲ့မှ ထောက်ပံ့ ကူညီပေးမှုများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှု စနစ် (Vaccine Preventable Disease Surveillance) ကို အားဖြည့် ဆောင်ရွက်နေမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုကို ပိုမိုမြင့်မား ကောင်းမွန် လာစေရန် တိုင်းရင်းသား ဒေသများတွင် အထူးဦးစားပေး ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့နှင့် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိရေး ကိုယ်ထူကိုယ်ထစနစ် (Vaccine independence initiative – VII) ဆိုင်ရာ နားလည်မှုစာချွန်လွှာ နှင့် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိရေး ကိုယ်ထူကိုယ်ထ စနစ်ဆိုင်ရာ နားလည်မှု စာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက Gavi, The Vaccine Alliance အဖွဲ့မှ အမှုဆောင် အရာရှိချုပ် Dr. Seth Berkley ၊ Senior Country Manager Mr. Dirk Gehl တို့နှင့် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef) (ရုံးချုပ်) မှ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Henrietta Fore တို့သည် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိရေး ကိုယ်ထူကိုယ်ထ စနစ်ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.