ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ဝါစက်လမ်းတွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဋိပက္ခ ဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပြီး ပဋိပက္ခပျံ့နှံ့မှု မရှိစေရန် ရဲတပ်ဖွဲ့ဝင်များ အထူးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ရန်ကုန် နည်းပညာတက္ကသိုလ်မှ ကျောင်းသား နှစ်ဦး ပါဝင်သည့် ကျောင်းသားကိုးဦးအဖွဲ့ နိုင်ငံတကာစက်ရုပ် အိုလံပစ်ပြိုင်ပွဲ သို့ (International Robotics Challenge 2017)သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ဘာလင်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကယ်တို့သည် ဘာလင်မြို့ ၌ ဇူလိုင်လ ၄ ရက်တွင်တွေ့ဆုံခဲ့ပြီး ရှီက တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) တွင် “စုစည်းခြင်း၊ တည်ငြိမ်ခြင်း၊...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ညစ်ညမ်းစပြုလာသော ဧရာဝတီမြစ်ရေအား သန့်စင်ရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးက ပြောကြားသည်။
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးသားထုတ်ဝေခဲ့သော တရုတ်နိုင်ငံ သုတေသနပညာရှင်များ၏ စာတမ်းပေါင်းမှာ ၇၁ဝဝဝ ထိ ရှိခဲ့ကြောင်း ၊ ကမ္ဘာ့အဆင့်တွင် တတိယ နေရာအထိ တက်လှမ်း နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် တစ်ခုအရသိရသည်။