Connect with us

Politics, Law & Military

၂၀၁၈ ခြောက်လအတွင်း အခွန် လျာထားချက်ထက် ၁၂၂ ရာခိုင်နှုန်းကျော် ပိုမို ရရှိ

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်။

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အတွင်း အခွန်ကောက်ခံ ရရှိမှုမှာ မူလ လျာထားချက်ထက် ၁၂၂ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဝင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ တင်ပြချက်များအရ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှု အပေါ်တွင် ကောက်ခံသည့် အခွန် အကောက်အတွက် မူလ လျာထားချက်မှာ ကျပ် ၁၂၆၉ ဒသမ ၃၃၁ ဘီလျံ ဖြစ်ပြီး အမှန်တကယ် ရရှိငွေမှာ ကျပ် ၁၇၇၂ ဒသမ ၉၈၉ ဘီလျံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်အတွက် ကျပ် ၈၆၃ ဒသမ ၁၇၆ ဘီလျံ လျာထားခဲ့ပြီး အမှန် ကောက်ခံရရှိငွေမှာ ကျပ် ၉၅၁ ဘီလျံ၊ အကောက်ခွန်အတွက် မူလလျာထားချက်မှာ ကျပ် ၂၄၅ ဘီလျံ ဖြစ်ပြီး အမှန် ရရှိငွေမှာ ကျပ် ၂၆၅ ဒသမ ၆၉၇ ဘီလျံ၊ နိုင်ငံတော်ပိုင် ပစ္စည်းများ အသုံးပြုသည့် အပေါ် ကောက်ခံသည့်အခွန်အကောက်အတွက် မူလ လျာထားချက်မှာ ကျပ် ၄၁၄ ဒသမ ၃၉၀ ဘီလျံ ဖြစ်ပြီး အမှန်ကောက်ခံရရှိငွေမှာ ၄၈၄ ဒသမ ၄၆၈ ဘီလျံ တို့ ဖြစ်သောကြောင့် အဆိုပါ အကြောင်း အရာ လေးမျိုးအတွက် မူလ လျာထားငွေ စုစုပေါင်းမှာ ကျပ် ၂၇၉၁ ဒသမ ၈၉၇ ဘီလျံဖြစ်ပြီး အမှန်တကယ် ကောက်ခံရရှိငွေမှာ ကျပ် ကျပ် ၃၄၂၄ဒသမ ၀၅၄ ဖြစ်သောကြောင့် ခန့်မှန်းလျာထားမှု အပေါ် အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းမှာ ၁၂၂ ဒသမ ၆၅ ရာခိုင်နှုန်း ရှိကြောင်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဒေါက်တာ စိုင်းစံကျောက်ဆိုင်က ရှင်းလင်း တင်ပြခဲ့သည်။

ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီဝင် ဒေါက်တာ စိုင်းစံကျောက်ဆိုင်က ရှင်းလင်း တင်ပြနေစဉ်။

အဆိုပါ ခြောက်လအတွင်း မူလ ရည်မှန်းချက်ထက် ၁၃၀ ရာခိုင်နှုန်းကျော် အခွန် ကောက်ခံရရှိခဲ့သော အခွန် ခြောက်မျိုးလည်း ရှီခဲ့ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်သည် ၁၃၂ ဒသမ ၉၈ ရာခိုင်နှုန်း၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင် ဆိုင်ရာ အခငွေများသည် ၁၅၅ ဒသမ ၅၁ ရာခိုင်နှုန်း၊ မုတ်ကောင် ဝတ်ဆံသွင်း အခွန်သည် ၂၄၉ ဒသမ ၈၃ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်သည် ၁၄၀ ဒသမ ၂၀ ရာခိုင်နှုန်း၊ မြေယာပေါ်တွင် ကောက်ခံသည့် အခွန်သည် ၃၂၁ ရာခိုင်နှုန်း နှင့် ငါးလုပ် ငန်း ဆိုင်ရာ အခွန်သည် ၂၆၇ ဒသမ ၉၂ ရာခိုင်နှုန်းတို့ ဖြစ်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.