Connect with us

Videos

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဆဋ္ဌမ အကြိမ်မြောက် ကျောင်းသား/သူများအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ပညာရေး ထူးချွန် ထက်မြက်ပြီး ဆက်လက် ပညာ သင်ကြားရန် အခက်အခဲ ရှိသော ဆင်းရဲ နွမ်းပါးသည့် ကျောင်းသား/သူများအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို)မှ ဆဋ္ဌမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားအား ဇန်နဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က “ဒါဟာ ပညာရေး အလှူ ဖြစ်တဲ့ အတွက်ကြောင့် ဆရာမကြီး ဒေါ်ဇင်ခိုင်ရဲ့ကျေးဇူးကို အမြဲ အောက်မေ့ သတိရပြီး တတ်မြောက်ခဲ့သည့်ပညာရပ်များဖြင့် နိုင်ငံ အကျိုး အ စွမ်းဆောင်နိုင်ရန် လေးနက်စွာ ခံယူထားဖို့လိုအပ်ပါတယ်။”ဟု ပြောကြားခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က အခမ်းအနားတွင် အသင်း ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များ ၊ လှူဒါန်းမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် အစီအစဉ်အား ယခင်က ဆရာမကြီး ဒေါ်ဇင်ခိုင်၏ အလှူငွေဖြင့် လုပ်ဆောင်ခဲ့ပြီး ယခုအခါတွင် ဆရာမကြီး ဒေါ်ဇင်ခိုင်မှာ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေ အရ ကျောင်းသား/သူများ ဆုံးခန်းတိုင် ပညာသင်ကြားရေး အတွက် အသင်းမှ ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားခဲ့သည်။ အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ရန်ပုံငွေသို့ဆရာမကြီး ဒေါ်ဇင်ခိုင်၏ တပည့် ကျောင်းသူ ကျောင်းသားဟောင်းများက ငွေကျပ် ၆၀ သိန်းအား ပေးအပ် လှူဒါန်းခဲ့ရာ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က လက်ခံခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား/သူများ ကိုယ်စား ရန်ကုန် ပညာရေး တက္ကသိုလ်တွင် စတုတ္ထနှစ် ပညာ သင်ကြား နေသော ကျောင်းသူ မချောအိအိသိန်း နှင့် ရန်ကုန် ပညာရေး တက္ကသိုလ်တွင် ပဉ္စမနှစ် တက်ရောက်နေသူ မဆုလင်းနိုင်တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို)မှ ပညာသင် ထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းအား ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ၆ ကြိမ်မြောက် ရှိခဲ့ကာ ကျောင်းသား/သူ စုစုပေါင်း ၅၃၈ ဦးအား ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.