ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းတစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းအား အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက်ညှင်းပန်းခံထားရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) အာဖဂန် လုံခြုံရေး တပ်၏ မောင်းသူမဲ့ လေယာဉ် တစ်စီး အာဖဂန် အရှေ့ပိုင်း Nangarhar ပြည်နယ် Bati Kot ခရိုင်တွင် ပျက်ကျခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီလ ၁၇ ရက်တွင်...
ဒါဗိုစ့် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့( Davos) ၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားမှုအား မြန်မာစံတော်ချိန် မွန်းလွဲ ၄ နာရီခွဲ ခန့်၌ အောက်ပါ Link မှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ https://xinhuamyanmar.com/videos/8647-2017-01-17-09-37-29.html
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဒဂုံ(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အနီးရှိ ယခင်စိုက်ပျိုးရေး ဇုန်ဟောင်းမှ မြေဧက ၉ဝဝဝ ခန့်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများထံ ရောင်းချပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ၃ ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။