Connect with us

Asia

တောင်ကိုရီးယားနိုင်ငံထုတ် Kia မော်တော်ကား၏ ၂၀၁၈ ခုနှစ် ဝင်ငွေ နှစ်ဆမြင့်တက်ခဲ့

တောင်ကိုရီးယားနိုင်ငံထုတ် Kia မော်တော်ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံရှိ ဒုတိယမြောက် အကြီးဆုံး ကားထုတ်လုပ်သူ Kia Motors ၏ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေမှာ နှစ်ဆမြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း တိုးမြင့်လာသည့်ကားရောင်းချမှုနှင့် မြင့်မားလာသော ထုတ်ကုန်ဈေးနှုန်းကြောင့် Kia ၏ ဝင်ငွေမှာ ၁.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဝမ် ၅၄.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၈.၃ ဘီလီယံ) ရှိခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ်မှာ ၇၄.၈ ရာခိုင်နှုန်းမြင့်တက်လာကာ ဝမ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ရှိခဲ့ပြီး အသားတင်ဝင်ငွေမှာလည်း ၁၉.၄ ရာခိုင်နှုန်းမြင့်တက်လာ၍ ဝမ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) တိုးလာခဲ့သည်။ပြည်တွင်း၊ ပြည်ပ Kia ကားများရောင်းချမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် စုစုပေါင်း စီးရေ ၂,၈၀၉,၂၀၅ စီးရှိခဲ့ပြီး ယမန်နှစ်ကထက် ၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက်၌ ကားရောင်းချမှုမှာ အရေအတွက်အားဖြင့် ၅၂၈,၆၁၁ စီးဖြင့် ၂ ရာခိုင်နှုန်း၊ ပြည်ပရောင်းချမှုတွင်မူ ၂,၂၈၀,၅၉၄ စီးဖြင့် ၂.၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)