Connect with us

Asia

နိုင်ငံတကာမော်တော်ကားပြပွဲအား ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်သော ကားပြပွဲတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် နိုင်ငံတကာ မော်တော်ကား၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး စက်မှုလုပ်ငန်းများပြပွဲအား ဇွန်လ ၁၂ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ အပါအဝင် စီးပွားရေးလုပ်ငန်းများစွာက သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေး အပါအဝင် ၎င်းတို့၏ နောက်ဆုံးထုတ်ကုန်များနှင့် နည်းပညာများအား ပြသကြမည် ဖြစ်သည်။ဗီယက်နမ်နိုင်ငံ မော်တော်ကား ထုတ်လုပ်သူများအသင်း၏ အဆိုပရ ၂၀၁၈ ခုနှစ်က ဗီယက်နမ်ဈေးကွက်တွင် မော်တော်ကားစီးရေ ၂၈၈,၆၀၀ ရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်ကထက် ၆ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း၊ အထူးသဖြင့် ပြည်တွင်းတွင် တပ်ဆင်ရောင်းချသော ကားစီးရေမှာ ၁၁ ရာခိုင်နှုန်း ရှိခဲ့ပြီး မော်တော်ကား တင်သွင်းမှုမှာ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117