မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ၆၅ ကြိမ်မြောက် မယ်စကြဝဠာ သရဖူကို ပြင်သစ်နိုင်ငံမှ အလှမယ် အိုင်းရစ် မစ်တန်နယ် (Iris Mittenaere) က ဇန်နဝါရီလ ၃၀ ရက်တွင် ဆွတ်ခူး ရရှိခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ပြည်တွင်း ဖားကန့်မြို့၏ အရှေ့မြောက်ဘက် မိုင်(၃၀)ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိသော အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ...
ကာရာကက်စ် ၊ ဇန်နဝါရီ ၃ဝ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ၌ ဇန်နဝါရီလ ၂၈ရက်က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါသွားသူ ၆ ဦး အသက်သေဆုံးသွားကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDပါတီက ဇန်နဝါရီ ၂၉ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားအား ဖမ်းဆီးစစ်ဆေးနေကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။