Connect with us

Economy

တရုတ်နိုင်ငံ ၏ အိမ်ခြံမြေဈေးကွက် ဒီဇင်ဘာလတွင် တည်ငြိမ်လျက်ရှိ

တရုတ်နိုင်ငံရှိ အဆောက်အဦးတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တွင် ဒေသခံအစိုးရများ မှ အိမ်ခြံမြေဈေးကွက် ကို တင်းတင်းကျပ်ကျပ်ဆက်လက် ထိန်းချုပ်ခဲ့သည့်အတွက် တရုတ်နိုင်ငံ ၏ အဓိက မြို့ကြီးများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၌အိမ်ခြံမြေ ဈေးကွက် တည်ငြိမ်လျက်ရှိကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

လအလိုက် ယေဘူယျအားဖြင့် တရုတ်နိုင်ငံ ၌ အိမ်အသစ်ဈေးနှုန်းများ မှာ တရုတ်နိုင်ငံ ၏ ပထမမြို့ကြီးလေးမြို့ဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်း၊ကွမ်ကျိုး မြို့တို့တွင် ဒီဇင်ဘာလ ၌ ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ နိုဝင်ဘာလ ထက် ၁ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အမျိုးသားစာရင်းအင်းဗျူရို မှ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ဤအတောအတွင်းတွင် မြို့ကြီးလေးမြို့ ၏ အိမ်ခြံမြေများပြန်လည်ရောင်းချသည့်ဈေးနှုန်းများ သည် ပြီးခဲ့သည့်လ ထက် ကျဆင်းခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် ဝ.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.