Connect with us

Europe

အာရှ-ပစိဖိတ် စီးပွားရေး အသိုက်အဝန်းတွင် တရုတ်နိုင်ငံသည် အရေးပါဆုံးသော ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ပညာရှင်အဖွဲ့က ဆို

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးအသိုက်အဝန်း၏အရေးပါဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ၊ ထိုအခြေအနေမှာ နောင်နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲမည် မဟုတ်ကြောင်း ဗြိတိန် အောက်စ်ဖ့ိုဒ်တက္ကသိုလ် စီးပွားရေးသုတေသနဌာန၏ ဇန်နဝါရီ ၁၅ ရက် က ထုတ်ပြန်သည့် သုံးသပ်ချက်အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်နိုင်ငံဝင်ရောက်သည့် ၂၀၀၁ ခုနှစ်က စပြီး အာရှပစိဖိတ် စီးပွားရေး အသိုက်အဝန်းနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာ ကြောင်း ၊ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်နိုင်ငံအများအပြား၏ ထိပ်တန်းအရေးပါဆုံး ပို့ကုန်နိုင်ငံ ဖြစ်သလို အရေးကြီးဆုံး သွင်းကုန်နိုင်ငံလည်းဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် စီးပွားရေး အသိုက်အဝန်း အနေဖြင့် အာရှမှတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်သို့ဝင်ရောက်ရန်မှာ ၎င်းတို့ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့်အချက်တစ်ခုဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ထို့အပြင် ချီလီ ၊ ဘရာဇီး၊ ဆော်ဒီအာရေဗျ၊ ရုရှားစသည့်နိုင်ငံများသည်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးကို အဆက်မပြတ်တိုးမြှင့်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.