ဇူးရစ် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် အဖြစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၄၀ မိနစ်...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၂ ဘီး ကုန်သေတ္တာတင်နောက်တွဲယာဉ်က ၁ဝ ဘီးကုန်တင်ယာဉ်ကို ဝင်တိုက်၍ လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သည့် ဘတ်စ်ကားစနစ်သစ်အား ယနေ့ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ရာ အခက်အခဲ တစ်ချို့ကြုံတွေ့ကြသော်လည်း နယ်ပယ် အသီးသီးရှိ မြို့ပြ ပြည်သူလူထုမှ ပူးပေါင်း ပါဝင်မှုများ ဆောင်ရွက်ခဲ့ပြီး ကြိုဆိုမှုများ ရှိခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ဇန်နဝါရီ ၁၅ရက်ကပြုလုပ်ခဲ့သည့် အကြီးဆုံး ဘာသာရေးစုဝေးပွဲများအနက် တစ်ခုတွင် လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ဦးသေဆုံးခဲ့ပြီး လူ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂ဝ ရက်တွင် ပြုလုပ်မည့် သမ္မတတာဝန်ယူမှုအခမ်းအနား နှင့် ယင်းနှင့်ဆက်စပ်သော အခမ်းအနားများအတွက် စံချိန်တင်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၉ဝ အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်တွင်း သတင်းဌာနများက ရေးသားဖော်ပြကြသည်။