Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မိုးနဲမြို့၌ ကျပ် ၂,၇၁၂ သိန်း တန်ဖိုးရှိ ဘိန်းမဲများ ဖမ်းဆီးရမိ

ယာဉ်ပေါ်ပါ ပီနံအိတ်များ အတွင်း ဘိန်းမဲများ ထည့်သွင်း တင်ဆောင်လာသည့် ပလတ်စတစ်ဘူးများအား တွေ့ ရစဉ်(ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုးနဲမြို့၊ နားခံကျေးရွာအနီး မိုးနဲ-နမ့်စန်သွား ကားလမ်းပေါ်တွင် ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၂၇၁၂ သိန်း တန်ဖိုးရှိ ဘိန်းမဲများအား ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဗဟိုကော်မတီမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

မိုးနဲ-နမ့်စန်သွား ကားလမ်းပေါ်တွင် ဇန်နဝါရီ ၃ ရက်တွင် မိုးနဲတပ်နယ်မှ တပ်မတော်သားများသည် ကျိုင်းတောင်းဘက်မှ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်မှာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်ပေါ်မှ လူ ၃ ဦးဆင်းပြေးသွားပြီး အဆိုပါယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် ပီနံအိတ်များအတွင်းမှ ပလတ်စတစ်ဘူးဝိုင်းများဖြင့် ထည့်လျက် စုစုပေါင်း ဘိန်းမဲအလေးချိန် ၄၅၂ ကီလို (ဒေသ ကာလ ပေါက်ဈေး တန်ဖိုး ငွေကျပ် ၂၇၁၂ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ထို့ကြောင့် မိုးနဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.