Connect with us

Europe

ပိုလန်နိုင်ငံတွင် အခန်းတွင်းမှလွတ်မြောက်ခြင်းကစားနည်း ကစားရာမှ ဆယ်ကျော်သက် မိန်းကလေး ၅ ဦး အခန်းအတွင်း မီးလောင်သေဆုံး

ဝါဆော၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံတွင် အခန်းတွင်းမှ လွတ်မြောက်ခြင်းကစားနည်း (Escape Room Game) ကစားနေစဉ် ဆယ်ကျော်သက် မိန်းကလေး ၅ ဦး မီးလောင်သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပိုလန် အာဏာပိုင်များက ဇန်နဝါရီလ ၄ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုသည် ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း ကော်ဇာလင်မြို့ရှိ အဆောက်အအုံတစ်ခုတွက် ညနေ ၅း၀၀ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခန်းတွင်းမှ လွတ်မြောက်ခြင်းကစားနည်းမှာ ပိုလန် ဆယ်ကျော်သက်များအကြား အကျော်ကြားဆုံး ကစားနည်းတစ်ခုဖြစ်သည်။အာဏာပိုင်များ၏ ပြောကြားချက်အရ မီးသတ်သမားများက မီးငြှိမ်းသတ်ပြီးနောက် ထို သေဆုံးသူ ၅ ဦးတွေ့ရှိရခြင်း ဖြစ်ကြောင်း၊ အမျိုးသားတစ်ဦးမှာလည်း ဆိုးဝါးစွာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ စုံစမ်းစစ်ဆေးသူများ၏ မေးခွန်းကို ချက်ချင်းဖြေကြားနိုင်ခြင်း မရှိကြောင်း သိရသည်။

“သေဆုံးသူတွေက အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်လေးများဖြစ်ပြီး အဲဒီထဲက တစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ ပါဝင်နေကြသူတွေဖြစ်ပါတယ်” ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဂျိုအာချင်မ် ဘရုဒ်ဇင်စကီ (Joachim Brudzinski) က ဒေသခံမီဒီယာကို ပြောကြားခဲ့သည်။“ဒီလိုကြောက်မက်ဖွယ် ဖြစ်ရပ်က ဖြစ်ခဲ့ပြီးပါပြီ။ ဒီလိုနောက်ထပ်ဖြစ်ရပ်တွေကို ကာကွယ်ဖို့ လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်” ဟု ဘရုဒ်ဇင်စကီက ပြောခဲ့သည်။ယင်းဖြစ်ရပ်ကြောင့် ကော်ဇာလင်မြို့တွင် ဇန်နဝါရီလ ၆ ရက်ကို ကြေကွဲဝမ်းနည်းရာနေ့အဖြစ် မြို့တော်ဝန် Piotr Jedlinski က ကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.