Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုအား AA သောင်းကျန်းသူ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် အတွက် အမှုဖွင့် အရေးယူ

AA သောင်းကျန်းသူ အဖွဲ့  အကြမ်းဖက် ၀င်ရောက် တိုက်ခိုက်ခဲ့မှု မြင်ကွင်းများ(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုအား AA သောင်းကျန်းသူ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် အတွက် အသီးသီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန် ခဲ့သည်။

ရဲကင်းစခန်း ၄ ခုအား ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေ ရဲစခန်း၌ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ် စီရင်မှု) (ယာယီ)အက်ဥပဒေ တို့ဖြင့် အသီးသီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော် ရဲကင်းစခန်း ၊ ကျောင်းတောင် ရဲကင်းစခန်း ၊ ဂုပ္ပိ ရဲကင်းစခန်း နှင့် ခထီးလှ ရဲကင်း စခန်း များအား ဇန်နဝါရီလ ၄ ရက်တွင် AA သောင်းကျန်းသူ အဖွဲ့က အင်အား အလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။AA သောင်းကျန်းသူ အဖွဲ့တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိကာ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)