ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) သဲကုန်းမြို့နယ်၌ ယာဉ် ၂ စီး တိုက်မှုကြောင့် တိမ်းမှောက်မီးလောင်ပြီး ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မာန်အောင်လေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းမှာရှိသည့် တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီးဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများမှ လုပ်ငန်းကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ကိုယ်စားပြုနိုင်မည့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန် ကုန်သည်စက်မှုအသင်းချုပ် နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ အနေဖြင့် ကနဦး သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဟိုတယ် (၁၆၀၅) လုံးထိ ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဖေဖော်ဝါရီလ ၉ ရက်နေ့က သတင်းထုတ်ပြန်သည်။
ကဘူးလ် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၉ ရက်နေ့၌ ထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့က ပြီးခဲ့သည့် ၂၄ နာရီ ကာလအတွင်း နိုင်ငံတဝန်း ရှိ လက်နက်ကိုင်...